White Boy Learning Burmese

The journey of an average white guy trying to learn a non-Indo-European language

Burglishစာ အရမ်းးးး မုန်းပါတယ်ကွာ!

9 Comments

အားလုံးမင်္ဂလာပါ။ ကျွန်တော် ပထမ ဗမာဘာသာနဲ့ blog ဆွေးနွေးတိုင်ပင်ခြင်းမှာ Burglishစာအကြောင်း စကားပြောချင်ပါတယ်။ ဦးဆုံးမှာ…

BURGLISH SAR AYAN MONE BA TAL, KWAR!  TA GAL LAY! (Burglishစာအရမ်း မုန်းပါတယ်ကွာ တကယ်လေ!)

ကျွန်တော့်ပရိသတ်တွေ ဘာဖြစ်လိုမုန်းတာလဲလို့မေးနေတာရင် ကိုဝင်းဟိန်းပြောပြမယ်နော်။

Burglishစာလိုရေးတာရင် တစ်ချို့လူနားမလည်နိုင်တော့ဘူး။ မြန်မာစကားကိုလေ့လာတာ အစအဦးတုန်က Facebookမှာ ကြည့်ဖတ်ပြီး ဒီကိုတွေ့တယ်။

  • “ma lote par nae ko G yae….. xmas present pyit SU Lay ko send pay lite pa mae….. bribe tar….. lol jk”
  • “hee 8 dot moh pal Ma Oo yay😛 but koh bro kyi Koko Ko bar tay loke nay lal loh nae2 stalk nay loh a htu 8 p :D”
  • “hek hek…. taw lar tar ma hote bu… nar twar tway myar twar loh yint kyat twar tar”

ဂါးးးးးးး စိတ်ညစ်ပါတယ်ခင်ဗျားတို့ရေ။ ဝင်းဟိန်း နားလည်တာက ဗမာလူမျိုးတစ်ချို့မှာ မြန်မာ လက်ကွက်မရှိပါဘူး။ ဒါပေမယ့် အဲဒါ ခွင့်ပြုချက်မဟုတ်ပါဘူး။ ကျွန်တော် အမေရိကန်လူမျိုးတစ်ယောက်ဖြစ်ပါပြီး မြန်မာလိုရေးနေပါတယ်။ ကျွန်တော် မြန်မာလို ရိုက်နိုင်ရင် ခင်ဗျားတို့လည်း မြန်မာလိုရိုက်လို့ရကြမယ်နော်။

ဪ ဒါပေမယ့် ကိုဝင်းဟိန်းရယ်… ငါ မြန်မာစာ မရေးသတ် နဲ့ မဖတ်သတ်ပါဘူးကွယ်။

ဒီလိုဆို သင်ယူလိုက်! မြန်မာစကားဟာ ခင်ဗျားရဲ့ ဘာသာစကားဖြစ်ပါတယ်။ အဲဒါအကြောင့် ရေးလို့ ဖတ်လို့ သတ်လို့ရပါတယ်ဗျာ့။

ထားပါတော့ အကြောင်းအရာကို ပြန်သွားတော့မယ်။

Burglishစာရဲ့ အကြီးမာဆုံးတဲ့ပြဿနာက Burglishစာ အမူအရာအမျိုးမျိုးဖြစ်ကြပါတယ်။ ဥပမ…

အင်္ဂလိပ်လိုရေးတတ်တယ်။ =

  • English lo yee tat tal.
  • Engalei loh yay tet tae.
  • Ingalei’ lo yae ta de.

ဖြစ်နိုင်တာက လူတစ်ယောက် အဲဒီ ဝါကျတွေကို နားလည်လို့ရတယ်။ ဒါပေမယ့် အားလုံးက နားလည်မှုရလိုချင်ရင် ညီညွတ်လိုက်ညီခြင်းရှိလင့်ပါတယ်။ မြန်မာစာမှာ စည်းမျဉ်းတွေနဲ့ နည်းမှန်စေခြင်းတွေအများကြီးရှိပါတယ်။ Burglishမှာတော့ ဘာမှမရှိပါဘူး။

ကိုဝင်းဟိန်းမျော်လင့်တာက ဒီဆွေးနွေးတိုင်ပင်ခြင်းကို ဖတ်ကြပြီး ခင်ဗျားတို့ အားလုံး မြန်မာလိုပဲရေးကြပါစေ။ ကျေးဇူးတင်ပါတယ်။

P.S. ကိုဝင်းဟိန်းသိတာက သူ့ ဝေါဟာရ နဲ့ သဒ္ဒါ အရမ်းမှားပါတယ်။ အဲဒါအကြောင့် ဝင်းဟိန်း မျော်လင့်တာက ခင်ဗျားတို့ အားလုံး ဝင်းဟိန်းကို အကူအညီပေးလို့ရကြပါတယ်။

9 thoughts on “Burglishစာ အရမ်းးးး မုန်းပါတယ်ကွာ!

  1. ဟုတ်တယ် မြန်မာလူမျိုးတစ်ချို့က မြန်မာလက်ကွက်ကျင့်ရမှာ ပျင်းနေကြတာလေ။ အဲ့ဒါနဲ့ Burglish တွေ ဖြစ်ကုန်တာ။ Burglish နဲ့ ပက်သက်ပြီး ရီစရာတခုရှိတယ်။ “ဒီနေ့အရမ်းပျော်တယ်” (Today, I’m so happy) ကို ရေးချင်တာ.. ဒီလိုရေးလိုက်တယ် “D nae a yan pyall tal” အဲ့ဒါကို သူငယ်ချင်းကဖတ်လိုက်တာ ဒီနေ့အရမ်းပြဲတယ်တဲ့ LOL xD

    ဒါနဲ့ကိုဝင်းဟိန်းဆိုတာ မြန်မာနာမည်လား??? ဆက်ရေးပါ အားပေးနေတယ်နော်😀

    • ဟုတ်ကဲ့ မခန်ဒီရေ။ ကျွန်တော့် မြန်မာနာမည် ဝင်းဟိန်းလို့ခေါ်ပါတယ်ဗျာ့။ အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်!

  2. ကျွန်မကတော့ Burglish ကို သီချင်းနာမည်တွေရေးတဲ့နေရာမှာပဲ သုံးတော့တယ်။ ကျန်တာတော့ မသုံးတော့ဘူး။ သူများတွေ ရေးထားလဲ ကျော်ဖတ်လိုက်တယ်။

  3. ကိုဝင်းဟိန်းကို အကူအညီပေးချင်ပါတယ်.. ကိုဝင်းဟိန်းရဲ့ ဒီစာမျက်နှာကို ခုမှရောက်ဖူးပြီး သဘောကျသွားပါတယ်.. နောက်ဆုံးရေးထားတဲ့ စာတပုဒ်က သိပ်ကောင်းပါတယ်.. စာရေးထုံးရော စာလုံးပေါင်းတွေပါ တော်တော်မှန်နေတာကိုတွေ့လို့ ဝမ်းသာပါတယ်.. ဆက်ကြိုးစားပါလို့ အားပေးပါတယ်.. =D

  4. Latin alphabets are not enough to identify the Burmese pronunciation and also Latin Alphabets cannot identify the tone differences because most of the European languages are not tonal.

  5. ဟုတ်ပါတယ် ကိုဝင်းဟိန်း ရယ်
    ကိုဝင်းဟိန်း ရဲ့ ခံစားချက်ကိုနားလည်ပါတယ် .. အကို မပြောနဲ့ ကျွန်တော် မြန်မာလူမျိုး တောင် burglish ကိုလိုက်ဖတ်ရင် ခေါင်းတော်တော် မူးတယ်
    ဗမာ လို ဆိုလဲ ဗမာ တောက်လျှောက် ရေး အင်္ဂလိပ် လိုဆိုလဲ အင်္ဂလိပ်လို တောက်လျှောက် ရေးသင့်ပါတယ်

  6. ကိုဝင်းဟိန်းရေ တချို့မြန်မာတွေက မြန်မာကီးဘုတ်နဲ့ မြန်မာဖောင့်ကို ကွန်ပြူတာထဲကို ရောက်အောင် မသွင်းတတ်တော့ burglish လိုပဲ လွယ်လွယ် ရိုက်နေကြတာ ။ တချို့တွေကတော့ ပျင်းတာပေါ့နော် ။ ကွန်ပြူတာမှာ မြန်မာဖောင့်တော့ ရှိပါတယ် မလေ့လာဘူး ။မြန်မြန်လေ့လာ ရင်မြန်မြန်သိတာပေါ့ဗျာ။ ဒါနဲ့ ကိုဝင်းဟိန်းရဲ့ p.s စာကြွင်းအပိုဒ်မှာ အဲဒါအကြောင့် လို့ ရေးရမည့်အစား အဲဒါကြောင့် ဆိုရင် ပိုမှန်ပါတယ်။ ဆက်ပြီး လေ့လာဦးနော် ။ အားပေးပါတယ် ။ ဂုဏ်ယူပါတယ်ဗျာ။ မြန်မာစကားနဲ့ မြန်မာလို ကောင်းကောင်း ရေးနိုင်တဲ့ အတွက် လေးစားပါတယ်။

  7. အရမ်းလေးစားပါတယ်ဗျာ မြန်မာလို ရေးနိုင် ဖတ်နိုင် တဲ့ အတွက် ပါ Facebook account သိလို့ ရမလားခင်ဗျာ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s